၆၂ နှစ်မြောက် အာဇာနည်နေ့ ကို မြန်မာပြည်သူလူထုတရပ်လုံး အောင့်မေ့ သတိရနေစေရန်အတွက် ကျနော်တို့ ပြည်ထောင်စု လူ့ အခွင့်အရေး ကောင်စီ၊ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် နှင့် လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များမှ တတိုင်းပြည်လုံးအတိုင်း အတာဖြင့် နည်းလမ်းပေါင်းစုံ သုံးကာ အထက်ပါ ပို့စကဒ်များ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားချက်များအား ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အကျယ်ချဲ့ရန် စာများထားရန်.
Wednesday, July 15, 2009
၆၂ နှစ်မြောက် အာဇာနည်နေ့
Monday, July 13, 2009
၆၂ - နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု့
ကျွန်ုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ အဖွဲ့ဝင် ရဲဘော်/မေ များသည် နအဖ စစ်အာဏာရှင်တချို့၏ ဇိမ်ခံရာနေရာဖြစ်သော လှိုင်သာယာမြို့နယ် ပန်းလှိုင် ဂေါက်ကွင်းရှေ့ရှိဆိုင်းဗုဒ်တွင်ဗိုလ်ချုပ်အောင်ဆန်းပုံပါသောပို့စကဒ်နှင့်ပြည်သူ့စစ်သား၊ပြည်သူ့ရဲ၊ကြံ့ဖွံ့၊စွမ်းအားရှင်နဲ့ပြည်သူလူထုတရပ်လုံးအား ဗိုလ်ချုပ်မှာကြားခဲ့သော ဒီမိုကရေစီဝါဒ ကို ခေတ်စားအောင်လုပ်ရမည် ဆိုသည့် မှာကြားချက် များကို ကပ်ခဲ့ပြီး၊ ထိုမှ မနီးမဝေးတွင်ရှိနေသော ရီခန့် အထည်ချုပ်စက်ရုံရှေ့တွင်လည်း ရဲဘော်များကိုယ်တိုင် အလုပ်သမား ဖယ်ရီ ကားထိုးဆိုက်ရာနေရာ သို့သွားရောက်ပြီး ကိုယ်ထိလက်ရောက် ဝေငှခဲ့ပါသည်။
မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

Tuesday, July 7, 2009
7 ဇူလှိုင် မမေ့နဲ့။
ရန်ကုန် နည်းပညာတက္ကသိုလ်၊ကွန်ပျုတာတက္ကသိုလ်၊စီးပွါးရေးတက္ကသိုလ်တွေမှာ တက်ကြွလူုငယ်များမှ လိုက်လံကပ်ထားခြင်းဖြစ်ပါတယ်။
အကျယ်ချဲ့ရန် စာများထားရန်.
Thursday, June 25, 2009
လွတ်မြောက်ရေး
လွတ်မြောက်ရေး
ပြည်သူတွေရဲ့ စားဝတ်နေရေး
ဘယ်လိုတွေးလဲ ဒါတွေ အားလုံး
မင်းလက်ထဲမှာ
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလို
ထောက်ခံဖို့လည်း လက်နက်တွေက
မင်းလက်ထဲမှာ
ဒို့လွတ်မြောက်ရေး အသက်ပေးမယ့်
ဒို့ရဲ့ခေါင်းဆောင် အန်တီစုလည်း
မင်းလက်ထဲမှာ
မတ်လ ( ၂၉ ) ရက် ၂၀၀၆ ရက်နေ့က ဖမ်းဆီးထောင်ချခံရတဲ့ ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုဇေယျာအောင်(စတေးခံအမှတ်-၀၀၀၃) ရဲ့
ကဗျာ အပိုင်း အစ လေးပါ။
စတေးခံ အမှတ် ၀၀၀၃ ရဲ့ ကဗျာ
မတ်လ ( ၂၉ ) ရက် ၂၀၀၆ ရက်နေ့က ဖမ်းဆီးထောင်ချခံရတဲ့ ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုဇေယျာအောင်(စတေးခံအမှတ်-၀၀၀၃) ရဲ့ လက်ရေးမူရင်းကဗျာလေးပါ။
အကျယ်ချဲ့ရန် စာများထားရန်.
